Saturday, June 28, 2014

✏ Android ကို ပိုမိုလုံခြုံအောင် ပြုလုပ်ထားနိုင်မည့် အချက် (၁၀) ချက် ✏

်​☺ မင်္ဂလာပါဗျား ☺

 

~Android ကို ပိုမိုလုံခြုံအောင် ပြုလုပ်ထားနိုင်မည့် အချက် (၁၀) ချက်

~မိုဘိုင်းထုတ်ကုန်များ အသုံးပြုရာတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေါက်ကြားမှု မဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်မှု ပြုလုပ်ထားနိုင်သည့် နည်းလမ်းများနှင့် အလေ့အထများကို သိရှိထားရန် လိုအပ်သည်။
ထို့ကြောင့် Android အသုံးပြုသူများ အတွက် ၎င်းတို့၏ ထုတ်ကုန်များကို ပိုမိုလုံခြုံမှုရှိစွာဖြင့် အသုံးပြုနိုင်မည့် အချက် (၁၀) ချက်ကို ဖော်ပြလိုက်ပါသည်။ 

(၁) Lock screen ကို PIN/pattern/password ဖြင့် သတ်မှတ်ထားပါ။ Android သုံးစွဲသူများ အနေနှင့် လုပ်ငန်းသုံး စမတ်ဖုန်း သို့မဟုတ် tablet ကွန်ပျူတာတစ်ခုကို PIN/pattern/password တစ်ခုခုဖြင့် lock ပြုလုပ်ထားခြင်း မရှိပါက အချက်အလက်များ ပေါက်ကြားမှု ဖြစ်ပေါ်နိုင်သည်။ Pattern တစ်ခုဖြင့် unlock ပြုလုပ်သည့်အခါတွင် အသုံးပြုပြီးသည့်နောက် screen ကို အဝတ်စဖြင့် သုတ်သင့်သည်။ သို့မဟုတ်ပါက screen ပေါ်တွင် pattern ဆွဲစဉ်က ကျန်ခဲ့သည့် လက်ဗွေရာကြောင့် ဖုန်းကို unlock ပြုလုပ်သွားနိုင်သည်။

 (၂) လုံခြုံမှုမရှိသည့် ကွန်ရက်များနှင့် မချိတ်ဆက်ပါနှင့်။ စမတ်ဖုန်းနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် လုံခြုံမှုမရှိသည့် ကွန်ရက်များနှင့် မချိတ်ဆက်သင့်ပေ။ ကော်ဖီဆိုင်၊ စားသောက်ဆိုင်စသည်တို့ဖြင့် ကွန်ရက်ချိတ်ဆက်၍ အသုံးပြုနိုင်သော်လည်း wireless ကွန်ရက်တွင် password မရှိပါက အရေးကြီးသည့် ကုမ္ပဏီအချက်အလက်များကို ပေးပို့ခြင်းအား ရှောင်ကြဉ်သင့်သည်။ 

(၃) ဖုန်းတွင် storage encryption ကို သတ်မှတ်ထားပါ။ ဖုန်းပေါ်တွင် အချက်အလက်များကို encrypt ပြုလုပ်ထားသင့်သည်။ ၎င်းသည် ဖုန်းကို အသုံးပြုသည့်အခါ encryption password တစ်ခု လိုအပ်သည်။ ၎င်းသည် lock screen password ထက် ပိုမိုလုံခြုံမှုရှိပြီး crack လုပ်ရာတွင်လည်း အလွန်ခက်ခဲသည်။ 

(၄) App installation အတွက် unknown source ကို enable မလုပ်သင့်ပါ။ Google Play Store က မဟုတ်သော third-party application များကို install လုပ်သည့်အခါ အရေးကြီး အချက်အလက်များ ခိုးယူခံရနိုင်သည်။ ထို့ကြောင့် third-party app များကို ၁၀၀ ရာခိုင်နှုန်း မယုံကြည်သင့်ပေ။

 (၅) Anti-malware app တစ်ခုကို အသုံးပြုပါ။ Google က Play Store မှာ app တွေကို စစ်ဆေးပြီး malware ရန်ကနေ အကောင်းဆုံး ကာကွယ်ပေးပေမယ့်လည်း Malwarebytes လိုမျိုး anti-malware app တစ်ခုကို ပုံမှန် အသုံးပြုသင့်သည်။ ထို့အပြင် app တစ်ခုကို ထည့်သွင်းပြီးတိုင်း anti-malware app ဖြင့် အမြဲ scan လုပ်သင့်သည်။ 

(၆) Secure Update Scanner ကို အသုံးပြုပါ။ Secure Update Scanner ကို ထည့်သွင်း အသုံးပြုခြင်းကလည်း တစ်မူထူးခြားသည့် လုံခြုံရေးအန္တရာယ်ကို ကာကွယ်နိုင်သည်။ Developer များသည် အစပိုင်းတွင် အန္တရာယ်ကင်းသည့် app များကို ဖန်တီးပေးပြီး update ပြုလုပ်ခိုင်းသည့်အခါတွင် malware များကို ထည့်သွင်းနိုင်သည်။ ထို့ကြောင့် Secure Update Scanner ကို အသုံးပြုပြီး ပုံမှန် စစ်ဆေးခြင်းက app update နှင့် operating system update များတွင် malware ပါဝင်သည့် အန္တရာယ်နှင့် ကင်းဝေးစေမည် ဖြစ်သည်။ 

(၇) App အတွက် permissions စာရင်းကို သေချာဖတ်ပါ။ App တွေကို install ပြုလုပ်သည့်အခါ permissions စာရင်းကို မဖတ်ဘဲ install မလုပ်သင့်ပါ။ အကယ်၍ ဂိမ်း သို့မဟုတ် note-taking app တစ်ခုကို ထည့်သွင်းသည့်အခါ permissions စာရင်းတွင် ဆက်သွယ်မှု၊ ဖုန်းနံပါတ်နှင့် ကွန်ရက်အချက်အလက်များကို အသုံးပြုရန် ခွင့်ပြုချက်များ လိုအပ်ကြောင်း ဖော်ပြထားသည်။ ခွင့်ပြုချက်ပေးခဲ့ပါက malware များကို ထည့်သွင်းနိုင်သည်။ 

(၈) SIM ကတ်ကို lock လုပ်ပါ။ ဖုန်းမှ အချက်အလက်များကို encrypt လုပ်သလို SIM ကတ်ကိုလည်း lock လုပ်ထားသင့်သည်။ SIM ကတ်ကို lock ထားသည့်အခါ ဖုန်းကို restart လုပ်တိုင်း PIN နံပါတ် တောင်းမည်ဖြစ်သည်။ ထို့ကြောင့် ဖုန်းမှ အချက်အလက်များ ဆုံးရှုံးမည်ကို စိုးရိမ်ပါက SIM ကတ်တွင် PIN နံပါတ်ဖြင့် lock ပြုလုပ်ထားရန် လိုအပ်သည်။ 

(၉) မလိုအပ်သည့်အချိန်တွင် Bluetooth နှင့် hotspot ဝန်ဆောင်မှုများကို ပိတ်ထားပါ။ Bluetooth နှင့် hotspot ဝန်ဆောင်မှုများကို ဖွင့်ထားသည့်အခါ အခြား ထုတ်ကုန်များက သင့်၏ ဖုန်းကို မြင်တွေ့နိုင်သည်။ ၎င်းသည် လုံခြုံရေးချိုးဖောက်မှုအတွက် လမ်းဖွင့်ပေးသလို ဖြစ်နိုင်သည်။ ထို့ကြောင့် မလိုအပ်သည့် အချိန်တွင် အဆိုပါ ဝန်ဆောင်မှုများကို ဖွင့်လျက် မထားသင့်ပေ။ ၎င်းသည် လုံခြုံရေး အန္တရာယ် ရှိနိုင်သလို ဘက်ထရီလည်း ကုန်ဆုံးလွယ်စေသည်။

 (၁၀) Location setting ကို လိုအပ်မှ ဖွင့်ပါ။ အသုံးပြုရန် မလိုအပ်သည့်အခါ location setting ကို ပိတ်ထားသင့်သည်။ ၎င်းသည် Android ထုတ်ကုန်၏ လုံခြုံမှုနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း ဖုန်း၏ လုံခြုံမှုစနစ်ကို ထိန်းချုပ်နိုင်သောကြောင့် အချက်အလက် ပေါက်ကြားမှု ဖြစ်ပေါ်နိုင်သည်။ လိုအပ်ချိန်မှသာ location setting ကို ဖွင့်ပြီး အသုံးပြုခြင်းသည် ဘက်ထရီ အလျင်အမြန် ကုန်ဆုံးခြင်းကို လျော့နည်းသက်သာစေသည်။
ထို့အပြင် မလိုလားအပ်သည့် အချက်အလက် သုံးစွဲမှုကိုလည်း လျော့နည်းစေသည်။

http://www.nganaungttn1.blogspot.com

☺ အဆင်​​ပြေပါ​စေဗျား ☺

✏ အင်္ဂလိပ်​ စကား​ပြောစာအုပ်​.apk ✏

☺ မင်္ဂလာပါဗျား ☺

~အင်္ဂလိပ်​စာ၊အင်္ဂလိပ်​စကား​ပြော ​လေ့လာ​နေသူများအတွက်​ အင်္ဂလိပ်​စကာ​ပြောစာအုပ်​​လေးပါ....

File size-1MB

>>>ဒီမှာ ​ဒေါင်းယူပါ<<<

☺ အဆင်​​ပြေပါ​စေဗျား ☺

✏ ထိုင်း စ​ကား​ပြောစာအုပ်​.apk ✏

☺ မင်္ဂလာပါဗျား ☺

~ထိုင်းစကား​လေ့လာ​သင်​ယူ​နေသူများအတွက်
အသုံးဝင်​မယ့်​ စာအုပ်​​လေးပါဗျား....

~အသုံးလိုရင်​ ​အောက်​ကလင့်​မှာ ​ဒေါင်းယူနိုင်​ပါပြီးဗျား...

>>>ဒီမှာ ​ဒေါင်းယူပါ<<<

☺ အဆင်​​ပြေပါ​စေဗျား ☺

✔ Viber. Skype.Tango.Phone ရဲ့အသံဖမ်းပေးမဲ့Steady Call Recorder ✔

☺ မင်္ဂလာပါဗျား ☺

~အခု တင်ပေးမဲ့ဆော့ဝဲလေးကအရမ်းကိုကောင်းပါတယ်ကိုကိုမမတွေviber.skype.Tango.phoneတွေကိုSound Recordလုပ်ချင်တဲ့သူတွေအတွက်အဆင်ပြေတာပေါ့ဗျာ...

~ကိုယ့်ချစ်သူနဲ့ပြောထားတဲ့အသံကိုပဲဖြစ်ဖြစ်အလုပ်အကြောင်းပဲဖြစ်ဖြစ်Viber.skype.tangoနဲ့ပြောထားတဲ့အသံလေးတွေကိုနားထောင်လို့ရတာပေါ့ဗျာအရမ်းကိုအဆင်ပြေတယ်ဗျား...

File name-Steady Call Recorder
File size-4MB

~သုံးချင်တယ်ဆိုရင်အောက်ကလင့်မှာဒေါင်းပါနော်

>>>ဒီမှာ ​ဒေါင်းယူပါ<<<

.

.

အဆင်​​ပြေပါ​စေဗျား

✏ ​ဖေ့ဘွတ်​က video ​တွေကို စိတ်​ကြိုက်​​ဒေါင်းလုပ်​ဆွဲရ​စေမယ့်​ facebook v3.9 apk ✏ .


☺ မင်္ဂလာပါဗျား ☺

~facebook အသုံးပြုရာမှာ၊ဗွီဒီယို​ဒေါင်းလုပ်​ကိုအသုံးများမယ်​ဆိုရင်​​တော့ စိတ်​ချရတဲ့ဗားရှင်းတစ်​ခုဖြစ်​တဲ့ v3.9apk ကိုအသုံးပြုနိုင်​ပါတယ်​။ဒီ v3.9 က​တော့၊photo comment ​ပေးလို့မရပါဘူး။ပြီး​တော့ User Interface Design မ​ပြောင်းပါဘူး။ဒါ​ပေမယ့်​ Video ဖိုင်​​တွေကိုစိတ်​ချလက်​ချ Download ဆွဲလို့ရ​စေမှာပါပဲ။အဲ့ဒိ​တော့ video download အသုံးများမယ်​ဆိုရင်​​တော့ v3.9 apk ကို​အောက်​ကလင့်​ခ်​မှာ​ဒေါင်းလုပ်​ဆွဲပြီးအသုံးပြုနိုင်​ပါတယ်......

>>>ဒီမှာ ​ဒေါင်းယူပါ<<<

☺ အဆင်​​ပြေပါ​စေဗျား ☺

~~~~~~~~~~~~~~~~~~~~~~~

✏IM+Pro v6.6.2 Apk(for android)✏

☺ မင်္ဂလာပါဗျား ☺

-Facebook မှာ Messags(chat box) ကိုAuto-Reply ပြန်​​ပေးမယ့်​ ​ဆော့ဖ်​ဝဲ​လေးတစ်​ခုကိုတင်​ဆက်​​ပေးလိုက်​ပါတယ်

--အရင်​ဆုံး "IM+Pro v6.6.2" ဆိုတဲ့application ကို​ဒေါင်းလုပ်​ဆွဲလိုက်​ပါ။ပြီးရင်​ apk ကိုinstall လုပ်​ပါ။

-​ဆော့ဖ်​ဝဲကိုinstallလုပ်​လိုက်​ပြီးရင်​၊​ဆော့ဖ်​ဝဲထဲကိုဖွင့်​ဝင်​လိုက်​ပါ။

-ပြီးရင်​မိမိအသုံးပြုမယ့်​ facebook account နဲ့log in ဝင်​​ပေးရပါမယ်​။

-ပြီးရင်ဖုန်းရဲ့ menu ​နေရာကိုနှိပ်​လိုက်​ပါ။အဲ့မှာညာဘက်​မှာ၊စက်​သွားစိပ်​ပုံ​လေးနဲ့setting ဆိုတဲ့ပုံ​နေရာကိုနှိပ်​ဝင်​လိုက်​ပါ။

-General Settings ထဲဝင်​လိုက်​ပြီး၊Chat history ရယ်​၊Send with`Enter´ရယ်​၊​အောက်​ဆုံးက Auto Start ​နေရာ​တွေကိုအမှန်​ခြစ်​အမှတ်​​တွေခြစ်​​ပေးပြီးရင်​၊back keyတချက်​နဲ့ပြန်​ဆုတ်​လိုက်​ပါ။

-ပြီးရင်​ auto reply လုပ်​ဖို့အတွက်​၊Push Settings ​နေရာကိုနှိပ်​ဝင်​လိုက်​ပါ။

-ပြီးရင်​​အောက်​က Autoreply ​နေရာကိုအမှန်​ခြစ်​၊ခြစ်​​ပေးပါ။

-ပြီးရင်​သူ့​အောက်​က၊Message ​နေရာထဲကိုနှိပ်​ဝင်​ပြီး၊ကိုယ်​ auto reply ပြန်​ချင်​တဲ့စာသား​တွေကိုစိတ်​ကြိုက်​​ရေးလိုက်​ပြီးရင်​ok ကိုနှိပ်​​ပေးပါ။

-ပြီးရင်​သူ့​အောက်​က၊Auto-away ​နေရာကိုအမှတ်​ခြစ်​​ပေးလိုက်​ပါ။ပြီးရင်​ back key နဲ့ပြန်​ထွက်​လိုက်​ပါ။

-UI Settings တို့၊Notifications တို့၊Advanced settings တို့၊UI Layout ​နေရာ​တွေမှာလည်း၊မိမိနှစ်​သက်​သလို၊Custimizeပြုလုပ်​နိုင်​မှာဖြစ်​ပါတယ်​။

-ဒါ့အပြင်​၊my status ထဲမှာမှာလည်း-On line-Away-Do not disturb-I am here-Invisible-Offline-Custom status များကိုလည်းမိမိနှစ်​သက်​ရာ status ကို​ရွေးချယ်​​ပြောင်းလည်းထားနိုင်​မှာဖြစ်​ပါတယ်​။

-Contacts များ​နေရာမှာမိမိ​ဖေ့စ်​ဘုတ်​ကfriends များနှင့်​online​ပေါ်မှာရှိ​နေတဲ့ fri:​တွေကို​တွေ့ရမှာဖြစ်​ပြီး၊Chats ဆိုတဲ့​နေရာမှာ၊မိမိဆီကိုပို့ထား​​ပြောထားတဲ့မက်​စ်​​ဆေ့ဂ်ျ​များကို​တွေ့ရကာ၊Accounts ဆိုတဲ့​နေရာမှာ​တော့၊မိမိလက်​ရှိlog in ဝင်​ပြီးအသုံးပြု​နေတဲ့အ​ကောင့်​န်​ကို​တွေ့ရမှာဖြစ်​ပြီး၊Add New account ဆိုတဲ့​နေရာမှာလည်း၊​နောက်​ထပ်​ fb အ​ကောင့်​န်​များကိုထပ်​မံ​ပေါင်းထည့်​အသုံးပြုနိုင်မှာပဲဖြစ်​ပါတယ်​။

-အားလုံး settings များပြုလုပ်​ပြီးပါကIM+Pro ကိုစတင်​ပြီးအသုံးပြုနိုင်​ပါပြီ။အခုဆို၊ကိုယ့်​ရဲ့friendsများက၊ကိုယ့်​ဆီကိုမက်​စ်​​ဆေ့ဂ်ျ​​ရေးပို့လိုက်​ပါက၊၎င်း friends များဆီသို့၊မိမိ​ရေးသားထားတဲ့"auto reply"စာသားများအလိုအ​လျောက်​ auto replymessages များပို့​​ပေး​မှာဖြစ်​ပါတယ်​ဆိုတဲ့အ​ကြောင်း​ပြောကြားရင်းနဲ့"IM+Pro" apkကိုအသုံးပြုပြီး၊​ဖေ့စ်​ဘုတ်​ကမက်​စ်​​ဆေ့ဂ်ျ​များကို "auto reply" ပြန်​ပို့ခြင်းအ​ကြောင်းကိုနိဂုန်းချုပ်​၍အဆုံးသတ်​လိုက်​ရပါပြီ။

ကျေးဇူးတင်​ပါတယ်​။

-Apk file size 8MB ရှိပြီး-Android OS Version 2.1 နှင့်​အထက်​ရှိဖုန်းများမှာထည့်​သွင်း install လုပ်​၍အသုံးပြုနိုင်​မှာပဲဖြစ်​ပါတယ်
.

--​အောက်​ကလင့်​ခ်​မှာ​ဒေါင်းလုပ်​ရယူလိုက်​ပါ-
.

.

>>>ဒီမှာ ​ဒေါင်းယူပါ<<<

.

.
~ဤ​ဆော့ဝဲလ်​အား ကို​ဇော်​သွင်​(နည်းပညာ)ထံမှပြန်​လည်​မျှ​ဝေပါသည်​။~

.

☺အဆင်​​ပြေပါ​စေဗျား ☺

Friday, June 27, 2014

✉ LINE v_4.4.1 ✉

☺ မင်္ဂလာပါဗျား ☺

~Free call ​တွေထဲက လူကြိုက်​များတဲ့ LINE v_4.4.1.apk ​လေးတင်​​ပေးလိုက်​ပါတယ်​...
သူကလည်းဘဲ တခြား Free call ​တွေလို စာပို့ခြင်း၊ph free call ​ခေါ်ဆိုခြင်း၊video call ​ခေါ်ဆိုခြင်းများလည်း ပြုလုပ်​နိုင်​ပါတယ်

~​အောက်​ကလင့်​ခ့်​မှာ ​ဒေါင်းယူပါ~

>>>download here<<<

☺ အဆင်​​ပြေပါ​စေဗျား ☺